ကျိုင်းတုံမြို့၊ စိန်ပန်းဓမ္မစကူးလ် အပတ်စဉ်ဗုဒ္ဓဘာသာ သင်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဖွင့်ပွဲနှင့် ဗုဒ္ဓဘာသာက လျာဏယုဝအသင်းချုပ်၏ (၇၁)ကြိမ်မြောက် မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ အောင်လက်မှတ်များပေးအပ်ခြင်း၊ ဂုဏ်ပြု လက်မှတ်များနှင့် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့၊ စိန်ပန်းဓမ္မစကူးလ် အပတ်စဉ်ဗုဒ္ဓဘာသာ သင်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဖွင့်ပွဲနှင့် ဗုဒ္ဓဘာသာက လျာဏယုဝအသင်းချုပ်၏ (၇၁)ကြိမ်မြောက် မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ အောင်လက်မှတ်များပေးအပ်ခြင်း၊ ဂုဏ်ပြု လက်မှတ်များနှင့် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်


MNP ၊ ဇွန် ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စိန်ပန်းဓမ္မစကူးလ် အပတ်စဉ် ဗုဒ္ဓဘာသာ သင်တန်းကျောင်း၏၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဖွင့်ပွဲနှင့် ဗုဒ္ဓဘာသာက လျာဏယုဝအသင်းချုပ်၏ (၇၁)ကြိမ်မြောက် မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ အောင်လက်မှတ်များ ပေးအပ်ခြင်း၊ ဂုဏ်ပြုလက်မှတ်များနှင့် ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် စိန်ပန်းဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ရာ ကျိုင်းတုံမြို့၊ သာသနာဝေပုလ္လကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဝိဇယ အမှူးပြုသော သံဃာ တော်များ ကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူ  ၃၂၀ ဦးနှင့် ကျောင်းသားမိဘများ၊ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက သာသနာဝေပုလ္လ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဝိဇယထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထို့နောက် သံသရာအေးကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တကောသလ္လထံမှ ဩဝါဒစကားနာယူကြပြီး စိန်ပန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသက စိန်ပန်းဓမ္မစကူးလ်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဓမ္မစကူးလ် ပညာသင်နှစ်စတင်ကြောင်း အထိမ်းအမှတ်အဖြစ် “မင်္ဂလာခေါင်းလောင်း” ဓမ္မတေးကဗျာကို ဖွင့်လှစ်သီဆိုကြသည်။

ဆက်လက်၍ တိုင်းမှူးနှင့် အလှူရှင်များက စိန်ပန်းဓမ္မစကူးလ်ကျောင်း အတွက် အလှူငွေများအား ပေးအပ်ရာ စိန်ပန်းကျောင်းတိုက်ဆရာတော်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အပတ်စဉ် ဗုဒ္ဓဘာသာ သင်တန်းအား ၂၀၂၃ခုနှစ်၊ မေလ ၇ ရက် တနင်္ဂနွေနေ့မှ စတင်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သင်ကြားပေးမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလတွင် ပညာသင်နှစ် ပြီးဆုံးမည် ဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် ဗုဒ္ဓဘာသာက လျာဏယုဝအသင်းချုပ်မှ ကျင်းပပြုလုပ်ခဲ့သည့် (၇၁)ကြိမ်မြောက် မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြု လက်မှတ်များ၊ ဂုဏ်ပြုဆုများနှင့် အောင်လက်မှတ်များကို ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက အသီးသီး လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)