NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း(၅)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းအား မီးရှို့ဖျက်ဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း(၅)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းအား မီးရှို့ဖျက်ဆီး


MNP ၊ ဇွန် ၄

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ် ရင်သွေး ငယ်များ၏ ပညာရေးကဏ္ဍ မြင့်မားတိုးတက်စေရန်နှင့် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာရရှိနိုင်စေရန်အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စာသင်ကျောင်းများကို ဇွန် ၁ ရက်မှစတင်၍ ဖွင့်လှစ်သင် ကြားပေးစေလျက်ရှိသည်။

သို့ရာတွင် NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အမည်ခံအကြမ်း ဖက်သမားများသည် အနာဂတ် ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့် အလမ်းများပျက်ပြား၍ ပညာမဲ့ လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာ ရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်မှုလုပ်ငန်းများကို နည်းမျိုးစုံဖြင့် လုပ်ဆောင် လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန် ၃ ရက် ည ၁၁ နာရီခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းအား အကြောင်းမဲ့ လာရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှု ကြောင့် အဆိုပါ ကျောင်းဝန်းအတွင်းရှိ အလျား ၂၁၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၂၂ ပေခန့် ရှိ အခန်း ၈ ခန်းပါ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်ကျောင်းဆောင် တစ်ဆောင် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်းနှင့် အဆိုပါကျောင်းသည် ဇွန် ၁ ရက်တွင် စတင်ဖွင့် လှစ်ခဲ့ကာ ဆရာ၊ ဆရာမ ၄၀ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၁၀၅၈ ဦးဖြင့် ဖွင့်လှစ်ပညာ သင်ကြားလျက်ရှိကြောင်း သိရှိရသည်။

ယခုကဲ့သို့ အနာဂတ်လူငယ်၊ လူရွယ်များ ပညာသင်ကြားမှုများ မပြုလုပ်နိုင်စေ ရန်ရည်ရွယ်၍ မီးရှို့ဖျက်ဆီးခဲ့သူများအား  အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်နိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)