တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၄၆၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၄ ဒသမ၂ ကီလို ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၄၆၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၄ ဒသမ၂ ကီလို ဖမ်းဆီးရမိ



MNP ၊ ဇွန် ၄

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန်လ ၁ ရက်နေ့ ညနေ ၃ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်တွင် ဝမ်ကျောက်လုံကျေးရွာဘက်မှ ဆေခမ်းရပ်ကွက်ဘက်သို့ စိုင်းရှဲန်ကျောက် မောင်းနှင်လာသည့် TOYOTA CROWN မော်တော် ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး(Happy Water) ၄ ဒသမ ၂ ကီလို သိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက် ဖော်ထုတ်ချက်အရ ညနေ ၃ နာရီခွဲအချိန် စိတ်ပြောင်းဆေးဝါး(Happy Water)များ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ အိုက်ရီ အား TOYOTA CROWN မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ည ၉ နာရီ အချိန် အိုက်ရီ နေထိုင်သည့် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာ အုပ်စု၊ ဟိုခိုကျေးရွာရှိနေအိမ်မှ ဆေးခြောက် ၇၀၀ ဂရမ် ထပ်မံသိမ်းဆည်းရမိခဲ့၍ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄၆၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၄ ဒသမ ၂ ကီလို၊ ဆေးခြောက် ၇၀၀ ဂရမ် သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိ တရားခံများအား ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)