MNP ၊ ဇွန် ၁၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တော်စေတီတော်မြတ်ကြီးအား ပုဏ္ဏားကျွန်းမြို့နယ်ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့် တာဝန်ရှိသူများသည် ယနေ့၊ နံနက်ပိုင်းက လာရောက်ဖူးမျှော်ကာ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် သာသနာ့အဆောက်အအုံများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့သည် ဦးရာဇ်တော်ဘုရားဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ဦးရာဇ်တော်ဘုရားဘက်စုံမွမ်းမံပြုပြင်ရန်အတွက် ဗိုလ်မှူးချုပ်ဝင်းမောင်မှ အလှူငွေများလှူဒါန်းပေးပြီး၊ ဂေါပကအဖွဲ့မှ ဦးရာဇ်တော်စေတီပုံတော်အား အမှတ်တရ လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့သည်။
ထိုနောက် ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့သည် ဦးရာဇ်တော်စေတီတော်မြတ်ကြီးအား ဖူးမျှော်ပြီး၊ ဆီမီး၊ ပန်း၊ ရေချမ်းများကပ်လှူပူဇော်ကာ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော သာသနိကအဆောက်အအုံများ၊ ဦးရာဇ်တော်ဓာတ်လှေကားနှင့် ကြိုးတံတားပျက်စီးမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင်
#MyanmarNationalPost
No comments:
Post a Comment