MNP - ဇွန် ၁၁
အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းရဲ့ လူငယ်ကြယ်ပွင့် အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဒက်ကလန် ရိုက်စ်ကို ခေါ်ယူဖို့ သဘောတူညီမှုမှာ အရေးကြီးသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး လာမယ့်အပတ်အတွင်း အပြီးသတ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသက် ၂၄နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်အတွက် အာဆင်နယ်အသင်းဟာ ပြောင်းရွှေ့ကြေး ယူရို ၉၂သန်းနှင့် ၉၅ သန်းကြား ပမာဏဖြင့် တရားဝင် ကမ်းလှမ်းမှုပြုလုပ်တော့မှာဖြစ်ပြီး နှစ်သင်းကြား ဆွေးနွေးမှုတွေကလည်း အပေါင်းလက္ခဏာဆောင်နေသည်။
ဒက်ကလန် ရိုက်စ်ဟာ အင်္ဂလန်မှာသာ ဆက်ရှိနေလိုတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပေမယ့် အာဆင်နယ်အသင်းအနေနဲ့ အချိန်ဆွဲမနေဖို့က အရေးကြီးကြောင်း သိရသည်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment