သဲကုန်းမြို့နယ်၌ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့နယ်၌ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲကျင်းပ





MNP ၊ ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊သဲကုန်းမြို့နယ် ၌ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြားရာတွင် အဖိုးတန်သတ္ထုရောင်းဝယ်သူများ(ရွှေတုံး၊ ရွှေခဲရောင်းဝယ်သူများ၊ လက်ဝတ်ရတနာရောင်းဝယ်သူများ)အား  ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေ အန္တရာယ်ကိစ္စများနှင့်ပတ်သတ်၍ သိရှိနိုင်စေရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေပါ ကြိုတင်ကာကွယ်ရေးဆိုင်ရာဆောင်ရွက်ချက်များနှင့် သတင်းပို့ရန်တာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးဇေယျာဝင်းထက် က ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ၏ ရည်ရွယ်ချက်နှင့် ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းရာတာန်ရှိသူများက ပြန်လည်ရှင်လင်းဖြေကြားပေးခဲ့ကြသည်။ ထို့နောက်တက်ရောက်လာသော အဖိုးတန်သတ္ထုရောင်းဝယ်သူများ(ရွှေတုံး၊ ရွှေခဲရောင်းဝယ်သူများ၊ လက်ဝတ်ရတနာရောင်းဝယ်သူများ)အား မြို့နယ်အသင်းဖွဲ့စည်းပေးခဲ့ပြီးကြောင်း သိရသည်။


ဝင့်နန္ဒာဌေး 

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)