အအ ထ က(မအီ)နှင့် အ ထ က(လမူးမော်) စာစစ်ဌာနတို့မှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်သူ ၇၆ ဦးရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အအ ထ က(မအီ)နှင့် အ ထ က(လမူးမော်) စာစစ်ဌာနတို့မှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်သူ ၇၆ ဦးရှိ






MNP ၊    ဇွန်   ၉

၂၀၂၂-၂၀၂၃ပညာသင်နှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပခဲ့ရာယနေ့နံနက်ပိုင်းတွင် အောင်စာရင်းများထုတ်ပြန်ခဲ့ရာတွင် အ ထ က(မအီ)နှင့် အ ထ က(လမူးမော်) စာစစ်ဌာနတို့မှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်သူ ၇၆ ဦးရှိကြောင်း သိရသည်။


အဆိုပါ စာမေးပွဲကို အ ထ က(မအီ)စာစစ်ဌာနတွင် ကျောင်းသားကျောင်းသူ ၁၂၃ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်သူ ၆၅ ဦးရှိသည့်အနက်မှ (၃)ဘာသာဂုဏ်ထူးရှင်(၁)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် (၃)ဦးရှိပြီး အောင်ချက်ရာနှုန်းမှာ ၄၅.၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အ ထ က(လမူးမော်) စာစစ်ဌာနတွင် ကျောင်းသားကျောင်းသူ ၄၅ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်သူ ၂၀ ဦးရှိသည့်အနက်မှ (၁)ဘာသာဂုဏ်ထူးရှင်(၄)ဦးရှိပြီးပြီး အောင်ချက်ရာနှုန်းမှာ ၄၄.၄ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြပါ စာစစ်ဌာန(၂)ခုမှ အောင်မြင်သူစုစုပေါင်း(၇၆)ဦးရှိကြောင်း တောင်ကုတ်မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)