တောင်ကုတ်မြို့နယ်မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင်ဖြေဆိုအောင်မြင်သူ ၄၆၅ ဦးရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ကုတ်မြို့နယ်မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင်ဖြေဆိုအောင်မြင်သူ ၄၆၅ ဦးရှိ



MNP ၊    ဇွန်   ၉

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့်သက်ဆိုင်ရာစာစစ်ဌာနများ၌ ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပြန်လျက်ရှိရာ တောင်ကုတ်မြို့နယ်၌ အဆိုပါတက္ကသိုလ်ဝင်တန်းအောင်စာရင်းအား ကျောင်းသား ၊ကျောင်းသူများနှင့်မိဘများက လာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။


တောင်ကုတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ(၈၆၈)ဦး ရှိသည့်အနက်(၄၆၅)ဦးအောင်မြင်ခဲ့သဖြင့် အောင်ချက်ရာခိုင်နှုန်း(၅၃.၅၇)ဦးရှိပြီး ဂုဏ်ထူးရရှိသူ(၄)ဘာသာ (၁)ဦး ၊ (၃)ဘာသာ(၂)ဦး ၊ (၂)ဘာသာ(၁၆)ဦးနှင့်(၁)ဘာသာ(၆၁)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)