MNP ၊ ဇွန် ၉
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဇွန်လ ၇ ရက်နေ့၊ နံနက်ပိုင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည့် မုံရွာမြို့၊ အေးသာယာရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေ၊ စားသောက်ဖွယ်ရာများနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကိုဇွန်လ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါရပ်ကွက်ရှိ အမှတ်(၂၀)အခြေခံပညာ မူလတန်းကျောင်းတွင် ပေးအပ်ခဲ့ကြသည်။
အခမ်းအနားသို့ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးစောနိုင်၊ တိုင်းဒေသကြီး/ခရိုင်/မြိုနယ် အဆင့် ဌာနဆိုင်ရာများနှင့် မီးဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက နှုတ်ခွန်းဆက်အားပေးစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ မီးဘေးသင့်ပြည်သူများထံ ထောက်ပံ့ငွေများ၊ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ စားသောက်ဖွယ်ရာများနှင့် ကယ်ဆယ်ရေးပစ္စည်းများ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက မီးဘေးပြည်သူများမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြမှုများ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲမှ မီးဘေးသင့်အိမ်ထောင်စု ၁၉ စု၊ လူဦးရေ ၇၃ ဦး အတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၃ သိန်းနှုန်းဖြင့် ငွေကျပ်စုစုပေါင်း - ၅၇ သိန်းနှင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ တစ်လစာအတွက် စုစုပေါင်းငွေကျပ် - ၄၃၀၇၉၅၄ (လေးဆယ် ခုနှစ်သိန်း ခုနှစ်ထောင်ကိုးရာငါးဆယ်လေး)ကျပ်အားလည်းကောင်း၊ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ဆန်ရိက္ခာဖိုးငွေကျပ် - ၂၂၅၃၃၀၀ (နှစ်ဆယ့် နှစ်သိန်း ငါးသောင်းသုံးထောင်သုံးရာ)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါပုံးများနှင့် သွားတိုက်ဆေး၊ သွားတိုက်တံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်သည် အင်ဗာတာဖြင့် ဘက်ထရီကို အားသွင်းထားရာမှ ရှော့ဖြစ်၍ မီလောင်းကျွမ်းမှု စတင်ဖြစ်ပေါ်ခဲ့ပြီး အဝန်းကျင် နေအိမ်များကိုပါ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
Myanmar National Post






No comments:
Post a Comment