MNP ၊ ဇွန် ၉
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပညာရေးမှူး ရုံးတွင်၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအလိုက် အောင်စာရင်းထုတ်ပြန်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး၌ ထုတ်ပြန်ကြေညာခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုထားသော ကျောင်းသား / ကျောင်းသူ များလာရောက်ကြည့်ရှုခဲ့ကြသည်။
ရွှေတောင်မြို့နယ် တွင်၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အား အထက( ရွှေတောင်)၊ အထက
(ညောင်စာရေး)၊ အထက (ယင်းမူကုန်း)နှင့် အထက (ကျီးသဲ) စသည့် စာစစ်ဌာန( ၄) ခုတို့တွင်ကျောင်းသား / ကျောင်းသူပေါင်း( ၄၂၇) ဦး ဖြေဆိုရာ အောင်မြင်သူ(၃၁၉) ဦး ရှိပြီးအောင်ချက်ရာခိုင်နှုန်း ( ၇၄ . ၇၁) ရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost

No comments:
Post a Comment