မြစ်ကြီးနားမြို့၌ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး သက်မွေးပညာ သင်တန်းများ ဆက်လက်ဖွင့်လှစ်ပေးသွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြစ်ကြီးနားမြို့၌ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး သက်မွေးပညာ သင်တန်းများ ဆက်လက်ဖွင့်လှစ်ပေးသွားမည်


MNP ၊    ဇွန်   ၁၅

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက်ရှိ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ ဒေသခံတိုင်းရင်းသား/သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရေး သက်မွေးပညာသင်တန်းများ ဆက်လက် ဖွင့်လှစ်ပေး သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစီစီက ပြောကြားသည်။


မြစ်ကြီးနားမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်ကျောင်းအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြု အခြေခံ စက်ချုပ်သင်တန်း (၁၆) ကြိမ်တွင် သင်တန်းသူ (၃၁၃)ဦးနှင့် မြန်မာမုန့်မျိုးစုံ ပြုလုပ်နည်းသင်တန်း (၅) ကြိမ်တွင် သင်တန်းသူ (၁၀၅) ဦးတို့အား ဖွင့်လှစ် သင်ကြားပေးနိုင်ခဲ့ပြီး ယိုမျိုးစုံပြုလုပ်နည်း၊ စမော်ကင် (ခေါင်းအုံးဖုံး) ထိုးနည်း၊ ပန်းအလှပြင်သင်တန်းများကိုလည်း ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။


အဆိုပါ သင်တန်းကျောင်းမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကျောင်းအခြေပြု အခြေခံစက်ချုပ် သင်တန်း (၁)ကြိမ်တွင် သင်တန်းသူ (၂၀) ဦးအား သင်ကြားပေး နိုင်ခဲ့ပြီး လက်ရှိတွင် အဆင့်မြင့် စက်ချုပ်သင်တန်း ဖွင့်လှစ်လျက်ရှိရာ သင်တန်းသူ (၂၀)ဦး တက်ရောက်လျက်ရှိကြောင်းနှင့် ရပ်ရွာအခြေပြု အခြေခံစက်ချုပ် သင်တန်း (၂) ကြိမ်၊ မြန်မာမုန့်မျိုးစုံ သင်တန်း (၂)ကြိမ် ဖွင့်လှစ် နိုင်ခဲ့ပြီဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)