MNP ၊ ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ပြည်သူများ လုံခြုံမှုရှိစေရေး မော်တော်ယာဥ်နှင့် ဆိုင်ကယ်များစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့အဝင်စစ်ဆေးရေး ဂိတ်တွင် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ စစ်ဆေးရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများက ပြည်သူများလုံခြုံမှု ရှိစေရေးနှင့် ယာဥ်အန္တရာယ် ကင်းရှင်းစေရေး မြို့အဝင် စစ်ဆေးရေးဂိတ်တွင် မော်တော်ယာဥ်နှင့် ဆိုင်ကယ်မောင်းနှင် လာသူများအား ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျဆောင်း၍ စီးနင်းစေခြင်း၊ ယာဉ်လိုင်စင်၊ လူလိုင်စင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပါ/မပါ စစ်ဆေးပြီး ယဉ်မောင်းသူများ လိုက်နာရန်အချက်များ၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် အသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်
https://t.me/MyanmarNationalPost

No comments:
Post a Comment