မိုးညှင်းမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း (အခမဲ့)ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း (အခမဲ့)ဖွင့်လှစ်


MNP ၊    ဇွန်   ၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်းကို နန့်ပုတ်ကျေးရွာတွင် ဇွန်လ (၁)ရက်မှ (၃၀)ရက်ထိ တစ်လကြာ အခမဲ့ဖွင့်လှစ်လျက်ရှိကြောင်း သိရ သည်။


အဆိုပါ သင်တန်းဖွင့်လှစ်ရာတွင် မိုးညှင်းဒေသအတွင်းရှိ လူငယ်လူရွယ်များအား မော်တော်ဆိုင်ကယ် ပြုပြင်ခြင်းလုပ်ငန်းဖြင့် တစ်ဦးချင်း ဝင်ငွေများ တိုးပွားလာစေရန်၊ မိမိတို့ဒေသအတွင်း အိုးအိမ်မကွာ ၎င်းတို့ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန်နှင့် ကိုဗစ်-၁၉ အလွန် ဒေသခံပြည်သူများ လူမှုစီးပွားဘဝများစွာ ပြန်လည်ထူထောင်မြှင့်တင်ပေးခြင်းဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဖွံ့ဖြိုး၍ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်သင်တန်း ဖွင့်လှစ်ရခြင်းဖြစ် ကြောင်း ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်မြင့်ထံမှ သိရသည်။


ထိုသင်တန်းကို မိုးညှင်းဒေသအတွင်းရှိ သင်တန်းသား (၁၉)ဦးနှင့် သင်တန်းသူ (၁)ဦး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်ကြပြီး ကျွမ်းကျင်ဆရာတစ်ဦးမှ စာတွေ့ (၃၀)ရာခိုင်နှုန်းနှင့် လက်တွေ့ (၇၀)ရာခိုင်နှုန်းဖြင့် တစ်လကြာ အခမဲ့ သင်ကြားပို့ချပေးလျက် ရှိကြောင်း သိရသည်။


မိုးညှင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း သုံးကြိမ်၊ လူသုံးကုန်ထုတ်လုပ်နည်း ပညာသင်တန်း သုံးကြိမ်၊ ဝါးအခြေခံသည့် လက်မှုထည်သင်တန်း နှစ်ကြိမ်နှင့် ဆိုင်ကယ်ပြုပြင် သည့် နည်းပညာသင်တန်း နှစ်ကြိမ် စုစုပေါင်းသင်တန်း (၁၀)ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost








No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)