MNP ၊ ဇွန် ၈
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မကွေးပညာရေးဒီဂရီကောလိပ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်သင်ပညာသင်တန်း PPTT( ၉/ ၂၀၂၃)ကျောင်းသား/ကျောင်းသူများ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ဇွန်လ ၆ ရက်နံနက် ၉ နာရီက မကွေးပညာရေးဒီဂရီကောလိပ်၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်သင်ပညာသင်တန်း PPTT( ၉/၂၀၂၃) သင်တန်းကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ သင်တန်းသား/သင်တန်းသူ(၅၀၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းအနေဖြင့်(၄၃)ရက်ဖွင့်လှစ်ပြီး တန်းပြကာလအား တစ်လဖြစ်သည်ကိုသိရှိရပြီး များစွာဝမ်းသာမိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် သဘာဝသယံဇာတရင်းမြစ်များ ပေါကြွယ်ဝမှုနှင့် လူသားစွမ်းရည်များ ကြွယ်ဝမှုရင်းမြစ်နှစ်ရပ်တွင် မှီတည်းလျက်ရှိသည်ကို တွေ့ရှိရပြီး၊ ပေါကြွယ်ဝသည့် သဘာဝသယံဇာတများကိုလည်း လူသားရင်းမြစ်များက အကျိုးရှိစွာဖော်ထုတ်အသုံးချနိုင်ရန် လိုအပ်လှပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အသိပညာရှင်အတတ်ပညာရှင်များကို အသက်မွေးဝမ်းကြောင်း တက္ကသိုလ်များနှင့် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များမှ မွေးထုတ်ပေးလျက်ရှိသလို ဒီဂရီကောလိပ်များမှလည်း လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန် ဆရာ/ဆရာမများကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိကြောင်း၊ ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၌ အရည်အသွေးကောင်းမွန်သည့် ပညာရေးကို ဆောင်ကြဉ်းပေးနိုင်စွမ်းရှိသည့် အရည်အသွေးပြည့်ဝသော ဆရာ/ဆရာများကို လိုအပ်လျက်ရှိသလို ဆရာ/ဆရာမများကိုယ်တိုင်ကလည်း အရည်းအချင်းပြည့်ဝစေရန် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုများ၊ အသိပညာဗဟုသုတများ၊ ပြောင်းလဲတိုးတက်နေသော ပညာရေးစနစ်များအား စဉ်ဆက်မပြတ်လေ့လာဆည်းပူးပြီး မိမိတို့၏အရည်အသွေးများအား မြှင့်တင်ဆောင်ရွက်ရန် အထူးလိုအပ်ပါကြောင်းနှင့် နိုင်ငံတော်၏ ဦးတည်ချက်(၁၂)ရပ်အနက်မှ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်သင်ပညာသင်တန်း PPTT( ၉/ ၂၀၂၃) သင်တန်းနှင့် ပုံမှန်လေးနှစ်သင်တန်းများဖွင့်လှစ်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်သင်ပညာသင်တန်း PPTT(၉/၂၀၂၃)သင်တန်းမှ ဆရာ/ဆရာမများနှင့် ပုံမှန်လေးနှစ်သင်တန်းများမှ ကျောင်းသား/သူများက အ-အက္ခရာအောင်ပါစေ၊ ပန်းတိုင်းပွင့်ရာတို့ကျောင်းသာ၊ ပန်းများဝေစည် မြန်မာပြည်၊ အချိန်တန်ပြီ၊ ဆရာ့နှုတ်ဆက်သံ၊ ဥယျာဉ်မှူးတို့ သင်္ကြန်နှင့် ငြိမ်းချမ်းရေးတေးသံစသည့် တေးသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ
https://t.me/MyanmarNationalPost
No comments:
Post a Comment