မော်လမြိုင်ကျွန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်းအနားပြုလုပ်


MNP ၊    ဇွန်   ၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေလယ် ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပပြုလုပ်သည်။


အဆိုပါအစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်တို့က အဖွင့်မှာစကား ပြောကြားခဲ့သည်။ တယ်ချောင်းကျေးရွာအုပ်စု၊ နတ်မင်းကြီးကျေးရွာ၊ စည်ပင်သာယာရေးအဖွဲ့ပိုင် သုဿန်မီးသဂြိုလ်စက် တည်ဆောင်နိုင်ရေးအတွက် အလှူငွေပေးအပ်ပွဲ ဆက်လက်ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးသီဟဇော်မှ အလှူငွေ (၅၀၀၀၀၀/-) ကျပ်တိတိ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ (၇၃၈၅၀၀၀) ကျပ်တိတိ၊ ဘဏ္ဍာငွေရှာဖွေရေးကော်မတီဥက္ကဌ ဦကျော်ဌေးထံသို့လည်ကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အလှူငွေ (၅၀၀၀၀၀/-)ကျပ်တိတိကို ဒေါ်တာလှဟန်အားလည်ကောင်း၊ အလှူရှင်များက ကျပ် (၁၀၀၀၀၀၀/-) တိတိကို မြို့နယ်စည်ပင် သာယရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြား ရေးမှူး ဦးမင်းဇော် တို့အားအသီးသီးပေးအပ်ခဲ့ကြသည်။ ထို့အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်၊ အဖွဲ့ဝင်(၂) ဦးတင်လှိုင်၊ အဖွဲ့ဝင်(၃) ဦးစောဝဏ္ဏ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တာဖြူဖြူဝင်း၊ အုပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ စုစုပေါင်း (၇၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်  စီးပွားရေးလုပ်ငန်းရှင်များအပြန် အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ရဲကိုမောင်

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)