ပုသိမ်မြို့၏ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၌ နယုန်လပြည့် မဟာ သမယ အခါတော်နေ့ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့၏ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၌ နယုန်လပြည့် မဟာ သမယ အခါတော်နေ့ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကျင်းပ





MNP ၊ ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ် ကြီး၌ နယုန်လပြည့် မဟာသမယအခါတော်နေ့ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်း အတွင်း၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဩဝါဒစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ ကြသည်။


ရှေးဦးစွာ အခမ်းအနားအား တက်ရောက်လာသည့် ဧည့်ပရိသတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် မရမ်းချိုကျောင်းတိုက်မှ ဘဒ္ဒန္တဝဏ္ဏ သာရာဘိဝံသနှင့် ဘဒ္ဒန္တပညိန္ဒကတို့က ဘုရားပင့်ခြင်း၊ နတ်ဗြဟ္မာများအား ပင့်ဖိတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)  ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကကိုးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော် သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော်  (အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ငပုတောမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၊ ရွှေမြကွင်း အခြေခံပညာအလယ်တန်းကျောင်း၊ ဖျန်ရေကျော်ကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းခွဲများသို့သွားရောက်ရှိ၍  ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက် ရောက်နေမှု များကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရေး၊ အတန်းစဉ် ကူးပြောင်းရေးနှင့် ကျောင်းအပ်နှံတက်ရောက်ရန် မကျန်ရှိစေရေး သက်ဆိုင်ရာ ပညာရေးဝန်ထမ်းများနှင့်အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်မှ ကွင်းဆင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများမှ လိုအပ် ချက်များ တင်ပြမှုအပေါ် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


လှမင်းထွဋ်

#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)