MNP ၊ ဇွန် ၃
ဧရာဝတီတိုင်း၊ မြန်အောင်မြိုနယ်၊ဘန့်ဘွေးကုန်းကျေးရွာအနောက်ဘက် မြန်အောင်သစ်တောကြိုးဝိုင်းအတွင်း မင်္ကာဖွယ်တဲများတွေ့ရှိကြောင်း တာဝန်သိ ပြည်သူများ၏ သတင်းပေးချက်အရ ယမန်နေ့က သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါတဲများမှာ PDF အကြမ်းဖက်စခန်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ရာ လက်လုပ်သေနတ် ၉လက်၊ လက်လုပ်စိန်ပြောင်း ၁လက်၊ လက်လုပ်ဗုံးသီး ၂၃လုံး၊ စကားပြောစက် ၁လုံး၊ တူမီးသေနတ် ၁၈လက်၊ ။လက်လုပ်သေနတ်ပြောင်း ၂၃ ခု၊ တူမီးသေနတ် ၁၈ ခု၊ ရှော့တိုက်ဗုံးသီးခွံ ၆လုံး၊ လက်လုပ်မိုင်း ၁လုံး၊ လက်လုပ်အသံမိုင်း ၁၁လုံး၊ ယမ်းမှုန့် ၁ပိဿာ ၁ထုပ်၊ သံဘောစေ့ ၁၇ထုပ်၊ ကန့် ၁ ထုပ်၊ ဆန်၁၂ပြည် ၁ပုံး၊ ငါးပိ ၁ပုံး၊ ဆေးပစ္စည်းမျိုးစုံ ၁အိတ်၊ လက်ဆွဲမီးစက် ၁လုံး၊ မိုးကာအင်္ကျီ ၂၀ထည်၊ ဘက်ထရီအကြီး ၁လုံး၊ ဝါယာကြိုးဖြူ/နီ ၄ ခွေ၊ ဆိုင်ကယ်ဘက်ထရီ ၃ လုံး၊ သံပိုက်မျိုးစုံ ၃၉ချောင်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment