MNP ၊ ဇွန် ၃
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်း အနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံးဝင်း၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ လက်ဆေး ခြင်း၊ Mask တပ်ဆင်ခြင်းစသည့် ကာကွယ်ရေးနည်းလမ်းများသည် အဓိကဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အထိရောက်ဆုံးကာကွယ်နိုင်မှုမှာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ပင်ဖြစ် ကြောင်း၊ ကာကွယ်ဆေးပုံမှန်ထိုးနှံခြင်း၊ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းတို့ဖြင့် ရောဂါပိုး ကူးစက်ခံခဲ့ရ သည်ရှိသော် ရောဂါကြောင့်သေဆုံးမှုကို လျော့ချပေးနိုင်မှာ ဖြစ်ကြောင်း၊ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ မိမိတို့မြန်မာနိုင်ငံ အပါအဝင်ကမ္ဘာ့နိုင်ငံများတွင်လည်း စီးပွားရေး ထိခိုက်မှုများ များစွာရှိခဲ့ပါကြောင်း၊ ထို့အတွက်ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည် စီးပွားရေးပြန်လည် ကောင်းမွန်လာစေရေးအတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင် ရေးအတွက် ရောဂါ ကာကွယ်ရေး ပစ္စည်းများအား ပေးအပ်လှူဒါန်းသည့်အတွက် အထူးကျေးဇူးတင် ဝမ်းမြောက်ပါ ကြောင်းပြောကြားသည်။
ထို့နောက် Tin Aung Zaw General Trading & Logistics Ltd မှ Managing Director အလှူရှင် ဦးကျော်စိုးက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ထံသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများပေးအပ်လှူဒါန်းရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းသည့်အတွက် အလှူရှင်ဦးကျော်စိုးထံ ဂုဏ်ပြုမှတ် တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများအား ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံ ရယူကြသည်။
ယင်းနောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်းပေးခြင်း အတွက် နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၁၀၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာရဲမြင့်မှ ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်
#MyanmarNationalPost
No comments:
Post a Comment