ပေါင်းတည်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းတည်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်


MNP ၊    ဇွန်   ၁၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးပူးပေါင်းအဖွဲ့က လမ်းဆုံလမ်းခွများနှင့် မြို့အဝင်နေရာများတွင် ယနေ့နံနက်ပိုင်းက ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။


အဆိုပါအဖွဲ့ကို မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမြင့်ဇော်နိုင်က အနီးကပ်ကြီးကြပ်၍ မြို့မရဲစခန်းမှူး ဒုတိယရဲမှူးရဲမြင့်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက လမ်းမပေါ်၌မောင်းနှင်သွားလာနေကြသော ယာဉ်များအားစစ်ဆေးစိစစ်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကိုလိုက်နာကျင့်သုံးရေးနှင့် ယာဉ်တိုက်မှုမဖြစ်ပွားစေရေးတို့ကို အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သူရကြီး

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)