ပေါက်တောမြို့ အ.ထ.က-ပေါက်တောကျောင်း၌ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦအပိုင်းအစ များအားရှင်းလင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့ အ.ထ.က-ပေါက်တောကျောင်း၌ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦအပိုင်းအစ များအားရှင်းလင်းဆောင်ရွက်






MNP ၊    ဇွန်   ၁၅

ရခိုင်ပြည်နယ်၊​ စစ်တွေခရိုင်၊ ​ပေါက်တောမြို့ ၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် အ.ထ.က-ပေါက်တောကျောင်းဝင်းအတွင်း၌ ပျက်စီးသွားသည့် အဆောက်အဦအပိုင်းအစများအား ရှင်းလင်းရေးကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


အဆိုပါရှင်းလင်းရေးဆောင်ရွက်ရခြင်းမှာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာနှင့် အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားခွင့်နှင့် ပညာသင်ယူခွင့် ရရှိနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ ကျောင်းသား ကျောင်းသူများ အန္တရာယ်မဖြစ်စေရေးအတွက်  မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် အ.ထ.က-ပေါက်တောကျောင်းဝင်းအတွင်းရှိ မုန်တိုင်း ဒဏ်ကြောင့် ပျက်စီးသွားသည့် အဆောက်အဦအစိတ်အပိုင်းများကို ဖယ်ရှားရှင်းလင်းခြင်းစသော သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)