တောင်ကုတ်မြို့၌ (၁၀၁)နှစ်မြောက်အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကိုကြိုဆိုဂုဏ်ပြု အစိုးရအမှုထမ်းများငွေစုငွေချေးသမဝါယမအသင်းမှ အသင်းသားများသို့စုဆောင်းငွေအတိုးများထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ (၁၀၁)နှစ်မြောက်အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကိုကြိုဆိုဂုဏ်ပြု အစိုးရအမှုထမ်းများငွေစုငွေချေးသမဝါယမအသင်းမှ အသင်းသားများသို့စုဆောင်းငွေအတိုးများထုတ်ပေး





MNP ၊    ဇွန်   ၂၃

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့၌(၁၀၁)နှစ်မြောက်အပြည်ပြည်ဆိုင်ရာသမဝါယနေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကုတ်မြို့နယ် အစိုးရအမှုထမ်းများသမဝါယမအသင်းမှ အသင်းသား များသို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် စုဆောင်းငွေအပေါ်အတိုးများပေးအပ်ပွဲကို ယနေ့မွန်းလွဲ(၁)နာရီ အချိန်က အစိုးရအမှုထမ်းများသမဝါယမအသင်းရုံး၌ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန မှ ဦးစီးအရာရှိ ဦးတင်မောင်ရီ နှင့် အစိုးရအမှုထမ်းများ ငွေစုငွေချေးသမဝါယမအသင်း ဥက္ကဌ ဦးစံရွှေသာ တို့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အသင်းသားများ ၏စုဆောင်းငွေများအပေါ် အတိုးများပေးအပ်ရသည့်အကြောင်းများကိုရှင်းလင်း ပြောကြားပြီးနောက် ဦးစီးအရာရှိ ဦးတင်မောင်ရီ ၊ အသင်း ဥက္ကဌ ဦးစံရွှေသာ နှင့်ဒါရိုက်တာအဖွဲ့ဝင်များက အသင်းသား ၂၇၁၀ ဦးတို့၏ စုဆောင်းငွေမှရရှိသည့်အတိုးများကိုပေးအပ်ခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာန မှသိရ သည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်သမဝါယဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မောင်ရီနှင့်ဝန်ထမ်းများ ၊ အစိုးရအမှုထမ်းများငွေစုငွေချေးသမဝါယမအသင်း ဥက္ကဌ ဦးစံရွှေသာနှင့်ဒါရိုက်တာအဖွဲ့ဝင်များ ၊ အသင်းသား များတက်ရောက်ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)