ရသေ့​တောင်မြို့တွင် ဝန်ထမ်းများ စာဖတ်စွမ်းရည်မြင့်မားစေရန် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့​တောင်မြို့တွင် ဝန်ထမ်းများ စာဖတ်စွမ်းရည်မြင့်မားစေရန် စာဖတ်ဝိုင်းပြုလုပ်




MNP ၊    ဇွန်   ၂၃

 ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအ‌ခြေပြုဗဟိုဌာန (Community Centre)တွင် ယ​နေ့မွန်းလွဲပိုင်းက ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများကငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ စာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။


     ရှေးဦးစွာ ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲစာအုပ် အခန်း (၁)ရှိ ငွေထုတ်သူအရာရှိ၏ တာဝန်ဝတ္တရားများ၊ ကြီးကြပ်အုပ်ချုပ်သူအရာရှိ၏ တာဝန်ဝတ္တရားများ၊ ဝန်ထမ်းများသို့ကြိုတင်ငွေထုတ်ပေးခြင်း လုပ်ငန်းများအကြောင်းကို ဆွေးနွေးခဲ့သည်။


ဆက်လက်ပြီး​ ဓာတ်ပုံကျွမ်းကျင်-၂ဦးထွန်းလင်းကျော်က လစာ​ငွေတောင်းခံလွှာများ ပြင်ဆင်ရေးဆွဲရာတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့်​ နောက်ဆုံးထုတ်လစာလက်မှတ်(L.P.C) အစရှိသည့် အကြောင်းအရာများကို ဖတ်ရှုခဲ့ပြီး တက်​ရောက်လာသည့် ဝန်ထမ်းများမှ ပြန်လည်​ဆွေး​နွေးခဲ့ကြ​ကြောင်း သိရသည်။


အဆိုပါစာဖတ်ဝိုင်းကို ငွေစာရင်းထိန်းသိမ်းနည်းအားသိရှိ​စေရန်နှင့် ကျွမ်းကျင်မှုရှိ​​စေရန်အတွက် ​ဆောင်ရွက်ခြင်းဖြစ်​ကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)