မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြို့သစ်မြို့နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်း (အ.ထ.က-မြေပြင်သာ) ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ကျောင်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြို့သစ်မြို့နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်း (အ.ထ.က-မြေပြင်သာ) ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ကျောင်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်



MNP ၊ ဇွန် ၁၄

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မကွေးခရိုင် မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာ ခြေခံပညာအထက်တန်းကျောင်း၌ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲနှင့် ကျောင်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ခဲ့သည်။

ဦးစွာ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာကျောင်း ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး လင်းထွဋ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ အမှတ်(၁၇) ကာကွယ်ရေး ပစ္စည်းစက်ရုံ၊ စက်ရုံမှူး ဗိုလ်မှူးကြီးသိန်းလွင်တို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကျောင်းဆောင်သစ် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာများ ပက်ဖြန်းပေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု၍ ကျောင်းသား၊ ကျောင်းသူများတွေ့ဆုံကာ အားပေးစကားများ ပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေး သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသထားမှု ကြည့်ရှု၍ လိုအပ်သည်များကို ဆက်လက်ဖြည့်တင်း ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ဆက်လက်၍ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အလယ်တန်းအဆင့် (Grade–9) ပြီးမြောက် အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ပညာရပ်များကို လေ့လာသင်ယူနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ ခရိုင်(၅၀)က မြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်း (၅၁)ကျောင်း၌ တွဲဖက်ဖွင့်လှစ်ပြီး သင်ကြားပို့ချပေး လျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် ခရိုင်(၄)ခရိုင်၌ ကျောင်းပေါင်း(၄) ကျောင်းဖွင့်လှစ်ခဲ့ရာမှာ ယခုကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲနှင့် ကျောင်းဖွင့်ပွဲကျင်းပတဲ့ မြေပြင်သာ-အခြေခံပညာ အထက်တန်းကျောင်း မြို့သစ်မြို့မှာ တည်ဆောက်ဖွင့်လှစ်ခွင့် ရရှိခြင်းအတွက်ကိုလည်း ဒေသခံများနှင့်အတူ ဒေသတွင်းရှိ ကျောင်းသား၊ကျောင်းသူများ လက်လှမ်းမှီ သင်ယူခွင့်ရရှိခြင်းအတွက်  များစွာဝမ်းမြောက်မှု ဖြစ်ရပါကြောင်း၊ ကျောင်းများဖွင့်လှစ်ရာတွင် ရည်ရွယ်ချက်(၃)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်သင်းကြား ပို့ချမည်ဖြစ်ကြောင်း၊ စိုက်ပျိုး၊ မွေးမြူ ရေး ပညာရပ်များကို (၃)နှစ်ကြာ စာတွေ့၊ လက်တွေ့ဖြင့် လုပ်ငန်းခွင်အသင့်ဖြစ်စေမည့် သင်ရိုး ညွှန်းတမ်းများကို အသုံးပြု၍ သင်ကြားလေ့ကျင့် ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျောင်းတွင်း သတ်မှတ်ချက် အရည်အချင်းများနှင့် ကိုက်ညီပြီး တက်ရောက် ပြီးစီးသူများအနေဖြင့် သတ်မှတ်ထားသော တက္ကသိုလ်နှင့်ကောလိပ်ကျောင်းများတွင် လွယ်လင့်တကူ ဆက်လက် တက်ရောက် ပညာသင်ကြားနိုင်မည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ရရှိစေနိုင်မှာ ဖြစ်ပါကြောင်း၊ မိမိတို့၏ မိဘများက ငွေအင်အား လူအင်အားဖြင့် ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီပြီး ကျောင်းထားပေးမှုအပေါ် ကျောင်းသား/ကျောင်းသူများကလည်း ဆရာ/ဆရာမများ၏ သင်ကြားပြသမှု ဆိုဆုံးမမှုများကိုနာခံ၍ ပညာတတ် လူတော် လူကောင်းများဖြစ်အောင် စည်းကမ်းရှိရှိ ကြိုးစားသင်ယူပြီး ဘာသာရပ်များအလိုက် မိမိတို့ စိတ်ပါဝင်စားသည့် ရည်မှန်းချက်များ အကောင်အထည်ဖော် ကြိုးစားသွားကြဖို့နဲ့ ဒီဒေသက ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ မိဘနဲ့ ရင်အုပ်မကွာ သက်မွေးဝမ်းကျောင်း အဆင့်မြင့်ပညာ သင်ယူခွင့်ရလို့ ဒေသခံများအနေဖြင့် ဂုဏ်ယူဝံ့ကြွားနိုင်မှုနှင့်အတူ တက်ညီလက်ညီနဲ့ ပူးပေါင်း ပါဝင်ပြီး ကျောင်းတော်ကြီးရဲ့ ရည်ရွယ်ချက်များပေါက်မြောက်အောင်မြင်အောင်၊ ဒေသရဲ့ အနာဂတ် စီးပွားရေး အထောက်အပံ့ကောင်းတွေဖြစ်လာအောင် ပါဝင်ကြိုးပမ်းပေးကြဖို့ တိုက်တွန်းမှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်ပြီး Royal Mudra (ဆောက်လုပ်ရေးကုမ္ပဏီ) မှ တာဝန်ရှိသူတစ်ဦးက ကျောင်း ဆောင်သစ် အလွှဲအပြောင်းမှတ်တမ်းကို မြို့နယ်ပညာရေးမှူး ဦးဝင်းအောင်ထံ လွှဲပြောင်း ပေးအပ်ကာ မြေပြင်သာကျေးရွာ ရပ်မိရပ်ဖ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အခမ်းအနားအပြီးတွင်  မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် မြို့သစ်မြို့နယ် ပညာရေးဝန်ထမ်းများ၊ (မူ၊လယ်၊ထက်) ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများနှင့် တွေ့ဆုံ၍ လာမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် သင်ကြားရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး မှာကြားပြီး ဆရာ/ဆရာမများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မောင်ညီညာ

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)