အိန္ဒိယနိုင်ငံ၊ ယူပီပြည်နယ်၊ ကုသိနာရုံကျောင်းတိုက်မှ ကျေးဇူးတော်ရှင် အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော် ဦးရာဇ်တော်စေတီတော်မြတ်ကြီး အား ဖူးမြော်ကြည်ညို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိန္ဒိယနိုင်ငံ၊ ယူပီပြည်နယ်၊ ကုသိနာရုံကျောင်းတိုက်မှ ကျေးဇူးတော်ရှင် အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော် ဦးရာဇ်တော်စေတီတော်မြတ်ကြီး အား ဖူးမြော်ကြည်ညို





MNP ၊ ဇွန် ၁၄

စစ်တွေမြို့မှ ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီးသို့ အိန္တိယနိုင်ငံ၊ ယူပီပြည်နယ်၊ ကုသနာရုံကျောင်းတိုက်မှ ကျေးဇူးတော်ရှင် အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရနှင့်တပည်တကာ တကာမများသည် ယနေ့၊ နေ့လည် (၁)နာရီက ဦးရာဇ်တော်စေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုခဲ့သည်။


ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးအား ပုဏ္ဏားကျွန်းမြို့နယ်တာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ လာရောက် ဖူးမြော်ကြည်ညိုခဲ့ကြပြီး၊ ဆရာတော်ကြီး၏ မေတ္တာဓာတ်ကို ခံယူခဲ့ကြသည်။


ထိုနောက် ကျေးဇူးတော်ရှင်ဆရာတော်ကြီးနှင့်တပည့်၊ တကာမများသည် မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ဦးရာဇ်တော်ဘုရားနှင့်ဆက်သွယ်ထားသည့် ကြိုးတံတားပျက်စီးနေ၍ ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီးအား ပုဏ္ဏားကျွန်းမြို့ဖက်ကမ်းမှ ဖူးမြော်ကြည်ညိုကာ ဦးရာဇ်ဘုရားကြီးဘက်စုံမွမ်းမံပြုပြင်ရန်အတွက် အလှူငွေများထည့်ဝင်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)