ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ





MNP ၊ ဇွန် ၁၄

(၂၀၂၃)ခုနှစ် ဇွန်(၁၄)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်သွေးလှူဒါန်းပွဲကို တနင်္သာရီ တိုင်းဒေသကြီး၊ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊အရေးပေါ်နှင့်ပြင်ပလူနာဌာနအပေါ်ထပ်တွင် ယနေ့ နံနက်ပိုင်း က စုပေါင်း သွေးလှူဒါန်းခဲ့ကြကြောင်းသိရသည်။


စုပေါင်းသွေးလှူဒါန်းရာတွင်( Best  Friends ၊  ပီတိအပြုံး၊ ရင်ခုန်သံ၊ မုဒိတာ) စသည့်သွေးလှူရှင်များအဖွဲ့ နှင့်မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းဝန်ထမ်းများစုစုပေါင်း(၃၉)ဦးတို့က ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြသည့် ဝေဒနာရှင် များမှ သွေးလိုအပ်သည့်အခါ အဆင်ပြေစွာဖြင့် သွေးသွင်းကုသနိုင်ရန်အတွက် သွေးလှူဘဏ်သို့ စုပေါင်းလှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


စုပေါင်းသွေးလှူဒါန်းနေမှုအား ပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာဆွေဆွေအောင်၊ သွေးလှူဘဏ်တာဝန်ခံ ဒေါက်တာ စန်းစန်းဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူဒါန်းကြသူများအား အာဟာရဖြည့်စားသောက်ဖွယ်ရာ နှင့်လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


ငွေဇင်ယော်(ထားဝယ်)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)