လက်နက်/ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင် ၁၁ဦးအား လက်ခံကြိုဆိုခြင်း၊ ဆုကြေးငွေထောက်ပံ့ခြင်းနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်နက်/ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင် ၁၁ဦးအား လက်ခံကြိုဆိုခြင်း၊ ဆုကြေးငွေထောက်ပံ့ခြင်းနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်












MNP ၊ ဇွန် ၁၂

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး PDF အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများမှ လက်နက်/ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင် များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ် လျက်ရှိသည်။


ယနေ့ ဇွန်လ ၁၄ ရက်၊ မွန်းလွဲပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိ ခန်းမ၌ PDF အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများမှ လက်နက်/ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကို ကြိုဆိုလက်ခံခြင်းပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ တိုင်းဒေသကြီး အစိုရအဖွဲ့ဝင်များ၊ တိုင်းစစ်ဌာနချုပ်မှ ဦးစီးအရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက် ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဆုံးမသြဝါဒစကား ပြောကြားပြီး နယ်မြေဒေသတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေဆိုင်ရာပုဒ်မများနှင့် အသိပညာပေး စကားများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ စစ်ကိုင်းမြို့နယ်နှင့် ကလေးမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၃ ဦး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူမြို့နယ်မှ PDFအဖွဲ့ဝင် အမျိုးသား ၈ ဦး စုစုပေါင်း ၁၁ ဦး ဦးရှိသည့်အနက် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ လက်နက်ဖြင့် အလင်းဝင်ရောက်လာသူ(၃)ဦးမှ တိုင်းမှူးထံ လက်နက်များ အပ်နှံကြသည်။ ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် ကလေးမြို့နယ်အတွင်းရှိ လက်နက်ဖြင့် အလင်းဝင်ရောက်လာသူ (၃)ဦးမှ ဝန်ကြီးချုပ်ထံ လက်နက်များ အပ်နှံကြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့မှ PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ လူငယ်များအား ဆုကြေးငွေများ ထောက်ပံ့ပေးအပ်ရာ မောင်းပြန် လက်နက်ဖြင့် အလင်းဝင်ရောက်လာသူ (၅)ဦးအား (၁)ဦးလျှင်ဆုကြေးငွေ သိန်း(၅၀)ကျပ်၊ ပစ္စတိုဖြင့် အလင်းဝင်ရောက်လာသူ(၁)ဦးအား ဆုကြေးငွေ (၂၅)သိန်းကျပ်၊ လက်နက်မဲ့ အလင်းဝင်ရောက်လာသူ (၅)ဦးအား (၁)ဦးလျှင် (၂၀)သိန်းကျပ်၊ စုစုပေါင်း(၃၇၅) သိန်းကျပ် တို့အားလည်းကောင်း၊ တိုင်းမှူးမှ အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများအား ချီးမြှင့်ထောက်ပံ့ပေးအပ်ခြင်းပြုလုပ်ခဲ့ပြီး၊ အလင်းဝင်လာသူများ ကိုယ်စား မိဘအုပ်ထိန်းသူ တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 


ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၊ မိဘဆွေမျိုးများနှင့် အခမ်းအနား တက်ရောက် သူများအား စားသောက်ဖွယ်ရာများနှင့် တည်ခင်းကျွေးမွေးခဲ့ကာ အလင်းဝင်အသိအမှတ်ပြုကဒ်ပြားများပေးအပ်ခဲ့ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံ ပေးခဲ့သည်။ 


လက်ရှိအချိန်ထိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်နယ်မြေ များတွင် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ ၄၈ ဦးအား မိဘအုပ် ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


PDF အမည်ခံအကြမ်းဖက်အဖွဲ့စည်းများအနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထား ပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်း အပ်နှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)