ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ




MNP ၊ ဇွန် ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။


ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့သို့ ရောက်ရှိ နေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ မြို့သစ်ရပ်ကွက်ရှိ ဦးဥတ္တမခန်းမ၌ ဌာနဆိုင်ရာများ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လေဘေးသင့်ပြည်သူ များအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ကျန်းမာရေးအဆောက်အဦများ ပြင်ဆင်ပြီးစီးမှု၊  Cyclone Shelter ဆောက်လုပ်ထားရှိမှုနှင့် ဆောက်လုပ်ရန်သင့်တော်သည့် မြေနေရာ ရွေးချယ်ရေး၊ မိုးစပါးအချိန်မီစိုက်ပျိုးနိုင်ရေး အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့ပြင် တောင်ရပ်ကွက်ရှိ မြစိမ်းရောင်ဘုန်းတော်ကြီး ကျောင်း ဆရာတော် ဘဒ္ဒန္တ အရိယဝံသအား သွားရောက်ဖူးမြော်ပြီး ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် Gas မီးဖိုများ လှူဒါန်းသည်။


အလားတူ ရသေ့တောင်မြို့သို့ရောက်ရှိနေသော ဗိုလ်ချုပ် အောင်မျိုးထွန်း သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောင်မြေဗောဓိသာသနာ့ရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်၌ ATOM တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆိုင်ကလုန်းမိုန်တိုင်းတိုက်ခတ်ခဲ့သည့် မြို့ပေါ် ရပ်ကွက် ၂ ခုနှင့် ကျေးရွာ ၃ ရွာတို့မှ ဒေသခံ ပြည်သူများအတွက်  ATOM နှင့် We Love Rakhine အဖွဲ့တို့မှ ဆန်၊ စားသောက် ဖွယ်ရာများနှင့် ဆောက်လုပ်ရေးပစ္စည်းများပေးအပ်လှူဒါန်းပွဲသို့ တက်ရောက် အားပေးသည်။


ထို့အတူ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ကျောက်တော် စိုက်ပျိုးရေးသိပ္ပံကျောင်း ပြန်လည်တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။


အလားတူ ရခိုင်ပြည်နယ်၊ မောင်တောမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ သည် ‌ဒေသအတွင်းရှိ ရေလုပ်ငန်းရှင်များအား မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၌ တွေ့ဆုံဆွေးနွေးပြောကြားပြီး ရေလုပ်ငန်းရှင်များ၏ တင်ပြချက်အပေါ်  လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)