MNP ၊ ဇွန် ၈
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန၊ မော်လမြိုင်သူနာပြုသင်တန်းကျောင်း၊ သူနာပြုဒီပလိုမာသင်တန်း အမှတ်စဉ်(၄၇)မှ သင်တန်းသား၊ သင်တန်းသူများအား ဦးဆောင်း/ ဝတ်စုံအပ်နှင်းပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်း၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သူနာပြုသင်တန်းကျောင်း ကျောင်း အုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြား ထားသူ များတက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်း အုပ်ကြီးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက သူနာပြုဒီပလိုမာသင်တန်း သင်တန်းသား၊ သင်တန်းသူများအား အမျိုးသားကုတ်အင်္ကျီ နှင့် သူနာပြုဦးဆောင်းတို့ကို ချီးမြှင့်အပ်နှင်းကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ထူးချွန်ဆုရရှိကြသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပြီး သူနာပြုသင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးခဲ့ကြောင်းသတင်းရရှိသည်။
#MyanmarNationalPost

No comments:
Post a Comment