MNP ၊ ဇွန် ၈
ခိုးဝင်ဘင်္ဂလီများကို (ရိုဟင်ဂျာ)လို့ အော်ပြီး လုပ်စားနေတဲ့ အောင်ကျော်မိုး ရဲ့ အစ်ကိုဖြစ်သူ ဦးသန့်မြင့် အသတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
လူမျိုးလိမ်အမည်အော်ပြီး လုပ်စားနေတဲ့ အောင်ကျော်မိုးကို ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အုပ်စုက သူတို့ရဲ့ အဖွဲ့ထဲမှာ လူ့အခွင့်အရေးအကြံပေးအနေနဲ့ ခန့်အပ်ထားတာ ဖြစ်ပါတယ်။
အလိုဖြစ်ရပ်တွေ ပေါ်ပေါက်လာခြင်းဟာ ပြည်ပြေး ဝရမ်းပြေး NUG(NLD) အုပ်စုဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ ရိုးသားမှုမရှိဘဲ ခိုးဝင်ဘင်္ဂလီတွေကို (ရိုဟင်ဂျာ)လို့ အော်ပြီး လုပ်စားသူတွေနဲ့ ပေါင်းသင်းပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်နေတဲ့ လုပ်ရပ်တွေဟာ ပိုမိုသိသာထင်ရှားလာတာ ဖြစ်ပါတယ်။
NUG(NLD) အကြမ်းဖက်အဖွဲ့က လူ့အခွင့်အရေး အောင်မျိုးမင်း က လူမျိုးလိမ်အမည် ကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပေးမယ်လို့ ပြောခဲ့ဖူးပါတယ်။ လူမျိုးလိမ်အရေး လှုပ်ရှားသူ ပြည်ပြေး ဝရမ်းပြေး ရွှေမောင် ကလည်း NUG(NLD) နဲ့ ချိတ်ဆက်လုပ်ဆောင်နေတာကို တွေ့မြင်လာရပါတယ်။
လူမျိုးလိမ်အမည်သုံးပြီး လုပ်စားနေတဲ့ အောင်ကျော်မိုးရဲ့ အစ်ကို အသတ်ခံရအပြီးမှာတော့ ပြည်ပြေး ဝရမ်းပြေး ရွှေမောင်ကလည်း ဝမ်းနည်းကြောင်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။
ဘင်္ဂလီများကို လူမျိုးလိမ်အမည်နဲ့ လုပ်စားနေသူများ စာရင်းမှာတော့ NLD နိုင်ငံရေးသမားတွေက ဦးဆောင်နေပြီး ၈၈ က ကျောင်းသားအိုကြီးတချို့ကလည်း အလိုတူအလိုပါဖြစ်လာပါတယ်။ ပြည်ဖျက်မီဒီယာအုပ်စုဖြစ်တဲ့ BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now တို့ကတော့ လူမျိုးလိမ် နာမည်တစ်လုံးနဲ့ ရပ်တည်နေကြတာ ဖြစ်ပါတယ်။ ဘင်္ဂလီတချို့ ကို အမည်ရဲ့ အရှေ့မှာ (Ro)တပ်ပေးပြီး ပြည်ဖျက်မီဒီယာတွေက လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝေဝေဆာဆာ ဖြန့်ဝေပေးလျက် ရှိနေပါတယ်။
#MyanmarNationalPost
No comments:
Post a Comment