MNP ၊ ဇွန် ၈
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ တောင်ရှေ့ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲတစ်ကျောင်းကို NUG(NLD) အကြမ်းဖက်အုပ်စုက ဇွန်လ နံနက် ၇ နာရီကျော်အချိန်ခန့်u ဗုံးထောင်ဖောက်ခွဲဖျက်ဆီးသွားကြောင်း သိရသည်။
NUG(NLD) အကြမ်းဖက်အုပ်စုက ကျောင်းအုပ်ဆရာမကြီးရုံးခန်းအတွင်းတွင် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး လက်လုပ်ဗုံးဖြင့် ဖောက်ခွဲသွားခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိခဲ့သော်လည်း စာရေးခုံ ၂ လုံး၊ သံဘီရိုတံခါး၊ သစ်သားဘီရို၊ သင်ထောက်ကူပစ္စည်းပုံး ၂ ပုံး၊ ရုံးခန်းသွပ်မိုး ၂၈ ချပ်တိုပျက်စီးခဲ့ကြောင်း သိရသည်။
အခြေခံပညာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် NUG(NLD) အကြမ်းဖက်အုပ်စု၏ သြဇာခံ PDF အကြမ်းဖက်သမားများ အနေဖြင့် စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်လာကြပြီး ဆရာ/ဆရာမများထံ ခြိမ်းခြောက်စာ ပေးပို့ခြင်း၊ စာသင်ကျောင်းများကို PDF စခန်းအဖြစ် အသုံးပြုထားခြင်းအပြင် စာသင်ကျောင်းများကို ဖောက်ခွဲဖျက်ဆီးသော လုပ်ရပ်များကိုလည်း ကျူးလွန်လျက်ရှိသည်။
#MyanmarNationalPost

No comments:
Post a Comment