MNP ၊ ဇွန် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ နယ်မြေ(၁)ဘုရား(၅)ဆူလမ်းတွင် ယနေ့ နံနက် (၁၀) နာရီ (၃၀)မိနစ်အချိန်ခန့်က နေအိမ်တစ်လုံး မီးလောင်မှုကြောင့် နေအိမ်(၁၈)လုံး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မုံရွာမြိုါနယ်၊ အေးသာယာရပ်ကွက်၊ နယ်မြေ(၁)ဘုရား(၅)ဆူလမ်းတွင် ပိုင်ရှင် ဦးငွေ(ဘ) ဦးချစ် ၏ (၈×၁၈) ပေ တစ်ထပ်သွပ်မိုး ကပ်ထရံကာ နေအိမ်မှ အင်ဗာတာဖြင့် ဘတ္ထရီအိုးအားသွင်းထားရာမှ ဘတ္ထရီအိုးပွင့်ထွက်ပြီး အားသွင်းထားသည့်ညှပ်ကလစ်မှ မီးပွားထွက်၍ အက်ဆစ်နှင့် ထိတွေ့ပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကာ နေအိမ်(၁၈)လုံးသို့ မီးကူးစက်မီးလောင်ကျွမ်းဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
အဆိုပါ မီးလောင်ရာသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး/ ခရိုင်/မြိုနယ် မီးသတ်စခန်းမှ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲများက (၁၁)နာရီ (၄၀)မိနစ် အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ပိုလန်ယာဉ်တစ်စီးနှင့် ရေသယ်ယာဉ်(၆)စီးဖြင့်လည်းကောင်း၊ စက်မှုဇုန်ရပ်ကွက် အရန်မီးသတ်တပ်ဖွဲမှ ရေသယ်ယာဉ်(၁)စီး၊ ထန်းတောအရန်မှ မီးငြှိမ်းသတ်ယာဉ်(၁)စီ၊ ရန်ကင်း၊ မြိုသစ်၊ ဒေါနခြံ၊ ကွေ့ကြီးရပ်ကွက်တို့မှ အရန်မီးသတ်တပ်ဖွဲ့များက မီးငြှိမ်းသတ်ယာဉ်(၃)စီးနှင့် ရေသယ်ယာဉ်(၁)စီးတို့ဖြင့်လည်းကောင်း၊ အလယ်အေးသာယာ ရပ်ကွက်ရှိ အရန်မီးသတ်တပ်ဖွဲ့များမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးနှင့် ရေသယ်ယာဉ်တစ်စီး တို့ဖြင့်လည်းကောင်း စုစုပေါင်းမီးသတ်တပ်ဖွဲ့သန္ဓေအင်အား (၆၆)ဦးနှင့် ရပ်ကွက်များရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ၊ လူမှုကူညီရေးအဖွဲ့များက အားလုံးဝိုင်းဝန်းပူးပေါင်း၍ ရေဂါလံ(၄၀၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၂၀ မိနစ်အချိန် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်မှုကြောင့် ကူးစက်လောင်ကျွမ်းခဲ့ရာတွင် (၈x၁၈)ပေ၊ သွပ်မိုး ကပ်ကာ (၃)လုံး၊ (၄၀×၆၀)ပေ၊ သွမ်မိုး ပျဉ်ခင်း အုတ်ကာ (၂)ထပ် တစ်လုံး၊ (၃၀x၄၅)ပေ၊ သွပ်မိုး ကပ်ကာ(၂)ထပ် (၂)လုံး၊ (၂၅x၂၀)ပေ၊ သွပ်မိုး ကပ်ကာ(၂)ထပ် (၁)လုံး၊ (၁၀x၁၅)ပေ၊ သွပ်မိုး ကပ်ကာ(၂)ထပ် (၁)လုံး၊ (၁၀x၁၀)ပေ၊ သွပ်မိုး ကပ်ကာ မြေစိုက်(၈)လုံး၊ (၄၀x၃၀)ပေ၊ သွပ်မိုး ကပ်ကာ(၂)ထပ် (၁)လုံး၊ (၁၄x၁၀၀)ပေ၊ သွပ်မိုး ကပ်ကာ(၂)ထပ် (၁)လုံး၊ (၆၅x၄၀)ပေ၊ သွပ်မိုး ပျဉ်ကာ(၂)ထပ် (၁)လုံး၊ ဆိုင်ကယ် Scoopy တစ်စီး၊ ဆိုင်ကလုန်း တစ်စီး၊ စက်ဘီး လူကြီးစီး တစ်စီး၊ ကလေးစီး တစ်စီး၊ ဘတ္ထရီအိုး တစ်လုံး၊ အင်ဗာတာ တစ်လုံး ဆုံးရှုံးမှု စုစုပေါင်းတန်ဖိုး ၆၉၆၂၀၀၀ ကျပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာမရှိနှင့် အိမ်ထောင်စု(၁၉)စု ကျား(၂၆)ဦး၊ မ(၄၇)ဦး စုစုပေါင်း(၇၃)ဦး မီးဘေးဒုက္ခ ရောက်ခဲ့ရသည်။
သို့ဖြစ်ပါ၍ ပိုင်ရှင် ဦးငွေ(ဘ)ဦးချစ် အား မုံရွာမြိုမရဲစခန်းမှ (ပ)(၁၄၃/၂၀၂၃) ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment