ဟိုပန်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပန်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ




MNP ၊    ဇွန်   ၂၂

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ရှောင်ရန်၊ ဆောင်ရန်အချက်များအား သိရှိနိုင်ရေးအတွက် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ နံနက် (၁၀) နာရီက ရွှေဝါကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။


ဟောပြောပွဲတွင် ဟိုပန်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးစောရန်အောင်က ယခုလိုမိုးရာသီအချိန်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိုးရေကျသော ရေ ကန်များ၊ ချောင်း၊ မြောင်း၊ အင်းအိုင်များ စသည့်နေရာများတွင် သွားရောက်ရေ ဆော့ကစား ခြင်းများ မပြုလုပ်ရန်၊ မိုးကျချိန်တွင် အဆိပ်ရှိသော သတ္တာဝါ၊အကောင်များ မျောပါလာနိုင်သည့် အတွက် သတိပြုရမည်ဖြစ်ကြောင်း၊ လေပြင်းတိုက်ချိန်၊ မိုးချိန်းချိန်၊ လျှပ်စစ်လျှပ်ခြင်းများ ဖြစ်ပေါ်တတ်သည့်အတွက် ၎င်းအချိန်တွင် ဖုန်းများမသုံးသင့်ကြောင်း၊ လမ်း၊ သစ်ပင်အောက်များတွင် နေထိုင်ခြင်းမပြုဘဲ မိမိနှင့်နီးစပ်လျက်ရှိသည့် အဆောက်အအုံကိုရှာဖွေ ခိုလှုံရမည် ဖြစ်ကြောင်းနှင့် လေပြင်းတိုက်ခတ်နေစဉ် မိုးသီးကြွေခြင်း၊ မိုးထစ်ချုန်းရွာခြင်း ဖြစ်ပေါ်ပါက သတိပြုလိုက်နာရမည့်အချက်များ၊ လေပြင်းဘေးအတွက် ကြိုတင်ပြင်ဆင်ရန် စသည့်အချက် များနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုး​ကြိုးဘေး၊ မြေပြိုဘေးများနှင့် ပတ်သက်သည့်ဆောင်ရန်၊ ရှောင်ရန်အချက်များအား ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဟောပြောခဲ့သည်။


ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူ(၁၆၆)ဦးအား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။


အဆိုပါ အသိပညာပေးဟောပြောပွဲများကို ယခုလအတွင်းတွင် ဟိုပန်မြို့နယ်၊ မူလွန်ကျောင်း များဖြစ်သည့် ရုံးကုန်း၊ မိန်းပန်း၊ မန်မိုင်၊ မော်ဟွေ့နှင့် ပန်လုံလမ်း စသည့် စာသင်ကျောင်း များတွင် ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ဇင်ဇင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)