သဲကုန်းမြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေး




MNP ၊    ဇွန်   ၂၃

ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့်လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကာကွယ်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင်  သဲကုန်းမြို့နယ်တွင် အခြေခံပညာ ကျောင်းများမှ  ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး. ထိုးနှံပေးခြင်းကို ဇွန်လ (၂၀) နေ့မှစတင်၍ မြို့နယ်အတွင်းရှိကျောင်းများတွင် ထိုးနှံပေးလျက်ရှိသည်။


ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ စီစဉ်မှုဖြင့် ပညာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့၏ ကူညီဆောင်ရွက်မှုဖြင့် ယနေ့တွင် အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ အသက်၅ နှစ်အထက် တကြိမ်မှ မထိုးနှံရသေးသူလျာထား (၁၇၇၁)တွင် ၁၄၉၉ဦး၊ အသက် ၁၂နှစ်မှ ၁၈နှစ်တွင် second. booster ထိုးရန်(၃၆၈၈)ဦးတွင် (၃၀၁၄)ဦးတို့ကို သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအုပ်ဆရာကြီးများ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (sinopharm)ကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)