MNP ၊ ဇွန် ၉
၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ပေါက်တောမြို့နယ်တွင်ဇွန် ၉ ရက် နံနက်ပိုင်းမှစ၍မြို့နယ်ပညာရေးမှူးရုံး နှင့်စာစစ်ဌာနကျောင်းများတွင်လည်း အောင်စာရင်းကို ထုတ်ပြန်ထားသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို ပေါက်တောမြို့နယ်၌ စာစစ်ဌာနေကျာင်း (၅)ခုမှကျောင်းသား ကျောင်းသူ ၁၀၀၆ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်သူ ၅၂၆ဦး ရှိကာ အောင်ချက်အနေဖြင့် ၅၂ဒသမ၂၉ရှိကြောင်းသိရသည်။
ပေါက်တောမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်ခဲ့သည့် သုံးဘာသာဂုဏ်ထူးရှင် ၁၂ ဦး၊နှစ်ဘာသာဂုဏ်ထူးရှင် ၄၀ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၈၉ ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝင်းမင်းစိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment