သပိတ်ကျင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် တောင်ကျရေများစီးဆင်းပြီး မျောပါပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု( ၂)စုအားထောက်ပံ​ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သပိတ်ကျင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် တောင်ကျရေများစီးဆင်းပြီး မျောပါပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု( ၂)စုအားထောက်ပံ​ငွေပေးအပ်


MNP ၊    ဇွန်   ၉

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးတောင်ကျရေများ ၊အများအပြားစီးဆင်းခဲ့ကာ လူနေအိမ်( ၁)လုံးမျောပါသွားခဲ့ပြီး နေအိမ်(၁)လုံး ပျက်စီးခဲ့သည့် ကျောက်ဖြူကျေးရွာအုပ်စု၊ တောင်လယ်ကျေးရွာ လူနေအိမ်(၂) လုံးမှ အိမ်ထောင်စုဝင်များအား ယနေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများမှ ထောက်ပံ့ငွေများသွား​ရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။


အဆိုပါကျေးရွာသို့ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်အဖွဲ့ဝင်ဗိုလ်မှူးဝင်းမြတ်သူ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ဦးစီးအရာရှိဒေါ်ဆုလှိုင်တင့်နှင့် တာဝန်ရှိသူများမှ သွားရောက်ခဲ့ပြီး ပျက်စီးဆုံးရှူံးခဲ့သည့်အိမ်ခြေ(၂)လုံးမှ အိမ်ထောင်စု(၂)စုအား အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံငွေကျပ်(၁၂၃၅၀၀) နှင့်ဆန်ရိက္ခာဖိုးထောက်ပံငွေကျပ် (၁၈၉၀၀)၊ ကယ်ဆယ်ရေးပစ္စည်း( ၁၆)မျိုးတို့အား ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။


သပိတ်ကျင်းမြို့နယ် ကျောက်ဖြူကျေးရွာအုပ်စု၊တောင်လယ် ကျေးရွာတွင်(၇.၆.၂၀၂၃)နေ့ ညနေ (၃) နာရီခွဲအချိန်ခန့်ကမိုးများသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းခဲ့သဖြင့် လူနေအိမ်နှစ်လုံး မျောပါပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။


စိုးနိုင်ဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)