မအူပင်မြို့တွင် စီးပွားရေးလုပ်ငန်း (MSMEs) ထုတ်ကုန်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်မြို့တွင် စီးပွားရေးလုပ်ငန်း (MSMEs) ထုတ်ကုန်ပြပွဲကျင်းပ






MNP ၊    ဇွန်   ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ဒေသတွင်းအသေးစား၊ အလတ်စားနှင့် အငယ်စားစီးပွားရေးလုပ်ငန်း (MSMEs) ထုတ်ကုန်ပြပွဲကို အမှတ် (၄) ရပ်ကွက် တိုးရွှေဝါခန်းမတွင် ယမန်နေ့က စတင်ဖွင့်လှစ်သည်။


စီးပွားရေးလုပ်ငန်း (MSMEs) ထုတ်ကုန်ပြပွဲအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးအုန်းမြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးခင်လှိုင်၊ အဖွဲ့ဝင်(၃)ဦးကိုကိုကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးတိုးတိုးဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုးရွှေဝါခန်းမအတွင်း ဖွင့်လှစ်ပြသထားသည့် ဌာနဆိုင်ရာနှင့်လုပ်ငန်းရှင်များ၏ ပြခန်းများအားလှည့်လည်ကြည့်ရှု့အားပေးခဲ့ရာ သက်ဆိုင်ရာပြခန်း အလိုက်တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။


အဆိုပါ စီးပွားရေးလုပ်ငန်း (MSMEs) ထုတ်ကုန်ပြပွဲအား မအူပင်မြို့တိုးရွှေဝါခန်းမတွင် (၈-၆-၂၀၂၃) မှ (၁၀-၆-၂၀၂၃) ထိ (၃) ရက်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)