မြန်မာနေရှင်နယ်ပို့စ် သို့ ကူညီပံ့ပိုးသူများနှင့် မြန်မာနေရှင်နယ်ပို့စ်မှ ကူညီဆောင်ရွက်မှုများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနေရှင်နယ်ပို့စ် သို့ ကူညီပံ့ပိုးသူများနှင့် မြန်မာနေရှင်နယ်ပို့စ်မှ ကူညီဆောင်ရွက်မှုများ


ကျွန်တော်တို့ မြန်မာနေရှင်နယ်ပို့စ် ယနေ့အချိန်အထိ ရပ်တည်ဆောင်ရွက်နေနိုင်တယ်ဆိုတာ ကျွန်တော်တို့က မိမိတို့တတ်ကျွမ်းတဲ့ ပညာနဲ့ အလုပ် လုပ်ကြပြီး မိတ်ဆွေအပေါင်းအသင်း၊ စေတနာရှင်များရဲ့ ကူညီပံ့ပိုးမှုကြောင့်သာ ရပ်တည်ဆောင်ရွက်နေနိုင်ခြင်းဖြစ်ပါတယ်။

ထိုသို့ ဆိုခြင်းကြောင့်လည်း ရရှိတဲ့ အကူအညီ အထောက်အပံ့တွေနဲ့ ပြည်ဖျက်မီဒီယာများကဲ့သို့ ကိုယ်ကျိုးရှာနေပြီလို့ မထင်သင့်ပါ။ မှန်သောသစ္စာစကားသာ ပြောဆိုပါမည်။ ဤသစ္စာစကား မှန်ကန်ပါက မြန်မာနေရှင်နယ်ပို့စ် ဒီထက်မက တိုးတက်အောင် ဆောင်ရွက်နိုင်ပါစေ။

ကျွန်တော်တို့ရဲ့ သတင်း၊ ရုပ်သံတွေအပေါ်က သတင်းဖတ်ရှုသူ ပြည်သူများထံမှ ငွေကြေးတောင်းခံခြင်းမျိုး လုံးဝ မရှိပါဘူး။ ကူညီပံ့ပိုးနိုင်သူများအနေဖြင့် အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ကြောင်းသာ ဖိတ်ခေါ်ထားပါတယ်။ ကျွန်တော်တို့ရဲ့ အမျိုးသားရေးယုံကြည်ချက်နဲ့ပဲ အလုပ် လုပ်ပါမယ်။

ကျွန်တော်တို့ ရပ်တည်ဆောင်ရွက်နိုင်အောင် ကူညီပံ့ပိုးကြသူတွေ ရှိသလို ကျွန်တော်တို့က ပြန်လည်ကူညီပံ့ပိုးပေးခဲ့တာတွေလည်း ရှိပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာ ဆရာတော်ကျောင်းမှာ NLD အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ ဘေးအန္တရာယ်ကြောင့် တိမ်းရှောင်လာရတဲ့ တန့်ဆည်မြို့နယ်ထဲက အမကြီးတွေရဲ့ စားဝတ်နေရေးအတွက် ကူညီပံ့ပိုးပေးနိုင်ခဲ့တယ်။ (အခုတော့ သူတို့တွေကို နိုင်ငံတော်၊ တိုင်းဒေသကြီးအစိုးရ က ကူညီပံ့ပိုးပေးလို့ စားသောက်နေထိုင်ရေး အဆင်ပြေနေကြပါပြီ။)

မြန်မာနေရှင်နယ်ပို့စ် ကို ကူညီပံ့ပိုးမှုများထဲက သဘာဝဘေး၊ အကြမ်းဖက်ဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာလည်း လှူလို့ ရသလောက် လှူဒါန်းပါတယ်။ သီးခြား မမြင်မတော်တဲ့ ပညာရေးကိစ္စလေးတွေမှာလည်း တာဝန်သိစိတ်နဲ့ လှူဒါန်းပေးပါတယ်။ နေ့စဉ် လှူဒါန်းပေးနေတာလည်း ရှိပါတယ်။

ဒီနေ့ (၁၄-၆-၂၀၂၃) ရက်နေ့ ခရီးလမ်းမှာ စရိတ်ပြတ်နေသူတစ်ဦးက ဆက်သွယ်ပြီး အကူအညီတောင်းလို့ သူတောင်းသလောက်တော့ မကူညီနိုင်ပါဘူး။ ရှိသလောက် ကူညီပေးမယ်လို့ kpay ထဲ ကြည့်လိုက်တော့ ဘယ်သူမှန်း မသိတဲ့ တစ်ယောက်က ၅၀၀၀၀ ပေးပို့ ထားတာကို တွေ့ရပါတယ်။ လမ်းခရီးမှာ စရိတ်ပြတ်နေတဲ့သူကို ရှိတာလေးနဲ့ ပေါင်းပြီး ၁သိန်း ကူညီလိုက်ပါတယ်။ အကူအညီတောင်းတဲ့သူတိုင်းကိုတော့ မကူညီနိုင်ပါဘူး။ ကူညီဖို့ လက်ထဲရှိနေရင်တော့ မကူညီပဲ မနေပါဘူး။

မြန်မာနေရှင်နယ်ပို့စ် ကို ကူညီပံ့ပိုးကြတဲ့ အကို၊ အမ၊ စေတနာရှင်များ အားလုံးကိုလည်း  အသိပေးလိုခြင်းဖြစ်ပါတယ်။ မြန်မာနေရှင်နယ်ပို့စ် ကို ကူညီပံ့ပိုးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ပြန်လည်မျှဝေ ကူညီပေးနေတာတွေအတွက်လည်း သာဓု ခေါ်ကြပါ။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)