MNP ၊ ဇွန် ၁၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ယနေ့ နံနက်ပိုင်းက ပေါင်မြို့၊ ပေါင်းရပ်ကွက်အတွင်း၌ အဖွဲ့များခွဲ၍ တစ်အိမ်တက်ဆင်း လိုက်လံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လိုက်လံဆောင်ရွက်ရာတွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ ဦးဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုရေးအဖွဲ့ဝင်များက ပေါင်းရပ်ကွက်အတွင်းရှိ လူနေအိမ်၊ ခြံဝင်းတို့၌ ခြင် ပေါက်ဖွားနိုင်သည့် ရေကန်၊ ရေစည် ၊ရေပုံး ၊ဘုရားပန်းအိုးများနှင့် ခြင်ခိုအောင်း နေနိုင်သည့်နေရာများကို အဘိတ်ဆေးခတ်ပေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ခြင်း၊ ပညာပေးဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment