ပုဏ္ဏားကျွန်းမြို့နယ်၌ တပ်မတော်နှင့်ကူညီကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ပြန်လည်ထူထောင်ရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်နေမှုတို့ကို ဗိုလ်မှူးချုပ်ဝင်းမောင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်၌ တပ်မတော်နှင့်ကူညီကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ပြန်လည်ထူထောင်ရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်နေမှုတို့ကို ဗိုလ်မှူးချုပ်ဝင်းမောင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေး






MNP ၊    ဇွန်   ၁၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တပ်မတော်မှ ကူညီကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့၊ နံနက်ပိုင်းက သာစည်ကျေးရွာ ဘုန်းတော်ကြီးကျောင်း တိုက်တွင် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှုတို့ကို ပုဏ္ဏားကျွန်းမြို့နယ် ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်တာဝန်ရှိသူများလာရောက်ကြည့်ရှု အားပေးခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင် များက သာစည်ကျေးရွာကျောင်းတိုက်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့်  ပြိုလဲကျနေသည့် သစ်ပင်ကြီးများ၊ သစ်ကိုင်း သစ်ရွက်များအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။


ထိုနောက် သာစည်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်တွင် အခြေပြု၍ တပ်မတော် အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယဗိုလ်မှူးကြီး ရဲထွန်းဝင်း ဦးစီး၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူ ဗိုလ်ကြီး ဝေတိုးသူ ဦးဆောင်သော နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံကျေးရွာသားများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ကျေးရွာသားများ သန့်ရှင်းသော သောက်သုံးရေများ လုံလောက်စွာရရှိနိုင်ရေးအတွက် ဂါလံ(၂၀၀၀)ဆံ့ တပ်မတော်ရေသန့်စင် မော်တော် ယာဉ်ဖြင့် သောက်ရေသန့်များ ထုတ်လုပ်ဖြန့်ဝေပေးနေမှုတို့ကို ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်တာဝန်ရှိသူတို့ လာရောက်ကြည့်ရှု အားပေးကြပြီး၊ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)