MNP ၊ ဇွန် ၁၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ်များ ထိုးနှံရမည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ထပ်ဆောင်း ကိုဗစ်ရောဂါကာကွယ်ဆေးများကို ဇွန်လ(၁၂)ရက်နေ့မှ (၁၅)ရက်နေ့အထိ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ(ဂွမြို့)၊ ကျိန္တလီတိုက်နယ်ဆေးရုံဝင်း၊ ဆပ်သွား၊ ကုလားပြင်၊ ညောင်ချောင်း၊ တောင်ပေါက် ကျေးရွာများရှိ ကျေးလက်ကျန်းမာရေးဌာနတို့တွင်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ယမန်နေ့က တတိယအကြိမ်မြောက်ကိုဗစ်ကာကွယ်ဆေး လာရောက်ထိုးနှံသူ နိုင်ငံ့ဝန်ထမ်း(၃)ဦးနှင့် ပဥ္စမအကြိမ်မြောက် ကိုဗစ်ကာကွယ်ဆေး လာရောက်ထိုးနှံသူ နိုင်ငံ့ဝန်ထမ်း (၃၇)ဦး တို့ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးများထိုးနှံပေးရာတွင် ကိုဗစ်ကာကွယ်ဆေး စတုတ္ထအကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ပဉ္စမအကြိမ်၊ တတိယအကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား စတုတ္ထအကြိမ် ၊ ဒုတိယအကြိမ်ထိုးပြီး (၆)လပြည့်ပြီးသူများအား တတိယအကြိမ်နှင့် ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမည့်သူများ ပါဝင်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment