MNP ၊ ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့အတွင်းရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် အခြေခံစားသောက်ကုန် များကို ဈေးနှုန်းလျော့ချ၍ ယနေ့ နံနက် ၇ နာရီ ၃၀ အချိန်က မြို့မဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့နှင့် မြို့အဆင့်ဌာနဆိုင်ရာများ ပူပေါင်း၍ ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ် ကျဆင်းရေးအတွက် ရည်ရွယ်ပြီး ဝက်သား(၂၀)ပိဿာ၊ အမဲ့သား (၂၀)ပိဿာတို့ကို တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်နှုန်း၊ ကြက်ဥအလုံး (၆၀၀)ကို တစ်လုံး (၂၅၀)ကျပ်နှုန်း၊ ချဉ်ပေါင်ရွက်အစည်း (၁၀၀)ကို တစ်စည်းလျှင် (၅၀)ကျပ်နှုန်းဖြင့် ဈေးနှုန်း လျော့ချ၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment