ပေါင်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေး





MNP ၊    ဇွန်   ၁၉

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကွင်းဆင်းဆောင်ရွက်ပေးရာတွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သထုံခရိုင်မှူး ဦးမောင်မောင်မြင့်  ၊  မြို့နယ်ဦးစီးမှူး  ဦးသန်းဝင်းဇော် နှင့် ဝန်ထမ်းများမှ အသက် ၁၀ နှစ်နှင့်အထက်မှ ၁၈ နှစ်အောက် ပြည့်သူ အသက် ၁၈နှစ်အထက်၊အသက် ၃၀ နှစ်နှင့်အထက် ပြည်သူ(၁၅၄)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်ပြုလုပ်ပေးခြင်း၊  နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်ပေးခြင်းများပြုလုပ်ပေးခဲ့သည်။ထို့အပြင် ပျက်စီးပျောက်ဆုံး အိမ်ထောင်စုစာရင်းများကိုလည်း မိတ္တူပြန်လည်ထုတ်ပေးခဲ့ကြကြောင်း သိရသည်။


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းအသစ်ပြုလုပ်ခြင်း၊ လဲလှယ်ခြင်းများကို အခြေခံပညာစာသင်ကျောင်းများအပါအဝင် ရပ်ကွက်ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးနေသည့်အပြင် သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးများတွင်လည်း ရုံးဖွင့်ချိန်၌ လာရောက်ပြုလုပ်နိုင်ကြောင်း သိရသည်။


မြန်မာနိုင်ငံအတွင်းနေထိုင်လျက်ရှိကြသည့် တိုင်းရင်းသားများ(မွေးရာပါနိုင်ငံသားများ)နှင့် ဥပဒေအရ နိုင်ငံသားများအားဥပဒေနဲ့အညီ အိမ်ထောင်စုလူဦးရေစာရင်းနဲ့ ကိုင်ဆောင်သင့်သည့် ကတ်အမျိုးမျိုးထုတ်ပေးရေးအတွက် စီမံချက်များဖြင့် ကွင်းဆောင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)