MNP ၊ ဇွန် ၁၉
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ကြီးမှူး ကျင်းပသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ၌ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ Book Club အဖွဲ့နာယက စာရေးဆရာ မြင့်စိုးကြည်(သံတွဲ)က စာစီစာကုံးရေးသားပုံ၊ သတ်မှတ်ပေးထားသည့်စည်းကမ်းချက်များ နှင့်အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားသည်။ထို့နောက် ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က စာစီစာကုံးပြိုင်ပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲသည် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲဖြစ်သည့်အတွက် ရေးသားရမည့်ခေါင်းစဉ်အား သတ်မှတ် ပေးထားခြင်းမရှိဘဲ မိမိစိတ်ကြိုက်အလွတ်တန်းရေးသားရမည်ဖြစ်ပြီး ပြိုင်ပွဲသို့ အလယ်တန်းအဆင့် ကျောင်းသား/သူ ၂၅ ဦး၊ အထက်တန်းအဆင့် ကျောင်းသား.သူ ၂၁ ဦး စုစုပေါင်း၄၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ထို့အပြင် ပထမ ၊ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား/သူများကို ဇွန် ၂၆ ရက်နေ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment