ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့၊ မြို့ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး ပြန်လည်တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေး၊ ဆေးရုံတက်ရောက်၍ ဆေးကုသမှု ခံယူနေသည့် နဂါးကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့၊ မြို့ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး ပြန်လည်တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေး၊ ဆေးရုံတက်ရောက်၍ ဆေးကုသမှု ခံယူနေသည့် နဂါးကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို






MNP ၊    ဇွန်   ၁၉

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ မြို့ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန် စေရေးအတွက် ရေထွက်ပေါက်ပြန်လည်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူနေသည့် နဂါးကျောင်းတိုက်ဆရာတော်အား  ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းသည်။


ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူမြို့ အစိုးရရပ်ကွက်ရှိ ရေနုတ်မြောင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် အဆိုပါရေနုတ်မြောင်း အတွင်းရှိ ပိတ်ဆို့နေသော စွန့်ပစ်အမှိုက်များအား ယန္တရားများ၊ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေး အဖွဲ့၊ အမှတ်(၆) အရာရှိ၊ စစ်သည်များမှ ပြန်လည်တူးဖော်နေမှုအားလည်းကောင်း၊ သန်ပန်ချောင်းရပ်ကွက်ရှိ ရေနုတ်မြောင်းများ အတွင်း အမှိုက်များပိတ်ဆို့နေမှုအား အမြန်ဆုံးပြန်လည်တူးဖော်နိုင်ရေးနှင့် ပင်လယ်အတွင်း  ပလပ်စတစ် စွန့်ပစ်အမှိုက်များ မရောက်ရှိစေရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းစေရေးအတွက် ရေနုတ်မြောင်းများ ပြန်လည်တူးဖော်မည့်နေရာများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စွန့်ပစ်အမှိုက်များ အား စနစ်တကျစွန့်ပစ်စေရေး ညှိနှိုင်းဆောင်ရွက်ပေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။


ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူနေသော နဂါးကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ စက္ကိန္ဒာဘိဝံသအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း  သိရသည်။


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)