MNP ၊ ဇွန် ၁၉
အဂတိလိုက်စားမှုများကြောင့် အကျဉ်းကျခံနေရတဲ့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက် မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် က အကြမ်းဖက်လုပ်ရပ်များကို လုံးဝ အာပေးထောက်ခံခြင်း မရှိကြောင်း ပြောဆိုလိုက်တယ်လို့ သူမနဲ့ နီးစပ်သူများထံက သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက် မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ ပတ်သက်ပြီး နီစပ်သူတစ်ဦး က ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အမည်မဖော်လိုသူတစ်ဦးက "ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကတော့ CRPH, NUG ဖွဲ့တဲ့အပေါ်မှာ သူမအနေနဲ့ ပြောတာမျိုးတော့ မရှိပါဘူး။ အကြမ်းဖက်လမ်းစဉ်နဲ့ ပတ်သက်လို့ ပြောတာမျိုးကတော့ ၈၈ တုန်းကလည်း သူမအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို တားမြစ်ခဲ့တယ်။ ဒီနေ့ ဒီအချိန်မှာလည်း နိုင်ငံရေးကို အကြောင်းပြုပြီး လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်တာမျိုးကို အားပေးထောက်ခံကြောင်း ပြောခဲ့တာ မရှိပါဘူး။ သူမအနေနဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တစ်ဦး က အကြမ်းဖက်လမ်းစဉ်ကို လုံးဝ အားပေးထောက်ခံခြင်း မရှိပါဘူး" ဟု ပြောဆိုသည်။
မဲသမာမှုများကြောင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းပြည်၏ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီးနောက်ပိုင်း NLD ဦးဆောင်သူတချို့ က ၈၈ပွင့်လင်းလူ့အဖွဲ့အစည်း မှ ကျောင်းသားခေါင်းဆောင်ဟောင်းများ၏ ဦးဆောင်မှုဖြင့် အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ခဲ့ကြပြီး ဦးဆောင်သူများအနေဖြင့် လွတ်မြောက်နယ်မြေအဖြစ် သတ်မှတ်ထားသော အမေရိကန်အပါအဝင် အနောက်နိုင်များသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီး ၎င်းတို့ကို အားပေးထောက်ခံသူများအား PDF အကြမ်းဖက်အဖွဲ့ကို ထပ်မံဖွဲ့စည်းကာ အပြစ်မဲ့ သံဃာတော်များ၊ ဆရာ/ဆရာမများ၊ အစိုးရဝန်ထမ်းများ၊ ၎င်းတို့အား ထောက်ခံအားပေးခြင်း မရှိသော ပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်သည့် လုပ်ရပ်များကို ကျူးလွန်ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားသည့် NUG အကြမ်းဖက်အဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အားပေးထောက်ခံကြောင်း တစ်ကြိမ်မျှ ပြောဆိုခဲ့ဖူးခြင်း မရှိပေ။
#MyanmarNationalPost

No comments:
Post a Comment