MNP ၊ ဇွန် ၁၉
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရသေ့တောင်မြို့နယ်အတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်းဒါဏ်သင့်ခဲ့ရသောကြောင့်လူမှုစီးပွားရေးများအကျပ်အတည်းများနှင့်ရင်ဆိုင်ကြလျှက်ရှိရာရသေ့တောင်မြို့နယ်အတွင်းရှိပြည်သူများအတွက်အိမ်ဆောက်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့်စားသောက်ကုန်ပစ္စည်းများအား မြန်မာ့စီးပွားရေးကော်ပို
ရေးရှင်း၊ရိုးမစတားအရောင်းဆိုင်(စစ်တွေ)ကယနေ့နံနက် ၀၉၀၀ နာရီမှ ညနေ ၀၄၀၀ နာရီထိ ရသေ့တောင်မြို့၊ မေယုခန်းမတွင်ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးလျှက်ရှိရာ လာရောက်ဝယ်ယူသူများနှင့် စည်ကားလျှက်ရှိပါသည်။
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ရိုးမစတားအရောင်းဆိုင်(စစ်တွေ)မှရသေ့တောင်မြို့ပေါ်တွင် ၁၉.၆.၂၀၂၃ ရက်နေ့မှ၂၁.၆.၂၀၂၃ ရက်နေ့ထိ (၃)ရက်တိုင်ရောင်းချပေးသွားမည်ဖြစ်ကြောင်းတာဝန်ရှိသူထံမှ သိရှိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment