MNP ၊ ဇွန် ၅
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တင်လတ်ဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီတို့သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့၊ နံနက်ပိုင်းက ပုဏ္ဏားကျွန်းတပ်နယ်ရှိ မုန်တိုင်းသင့် နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်မိသားစုဝင်များအား တပ်နယ်ခန်းမ၌ ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြား၍ စားသောက်ဖွယ်ရာများ၊ လူးသုံးကုန်ပစ္စည်းများ၊ ဒံပေါက် ထမင်းဘူးများနှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး၊ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထိုနောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့်အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုရေးအဖွဲ့ အစည်းများအား ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံ အားပေးစကားပြောကြားပြီး၊ စားသောက် ဖွယ်ရာပစ္စည်းများနှင့် ဒံပေါက်ထမင်းဘူးများပေးအပ်လှူဒါန်းပေးသည်။
ဆက်လက်၍ ပုဏ္ဏားကျွန်းမြို့ ရွာဟောင်းရပ်ကွက်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား အခမဲ့ဆေးကုသပေးနေမှုများ၊ သောက်ရေသန့်ဖြန့်ဝေပေးနေမှုများကို ကြည့်ရှုအားပေးပြီး၊ ရွာဟောင်းရပ်ကွက်ရှိ ပြည်သူများ၊ ပုဏ္ဏားကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားကာ ဒံပေါက် ထမင်း ဘူးများ ပေးဝေလှူဒါန်းခဲ့ကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment