မိုခါမုန်တိုင်း လေဘေးသင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက် ပေးနေသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား ထောက်ပံ့ခြင်း အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုခါမုန်တိုင်း လေဘေးသင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက် ပေးနေသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား ထောက်ပံ့ခြင်း အခမ်းအနားကျင်းပ






MNP ၊    ဇွန်   ၅

ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်း လေဘေးသင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေးနေသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား ထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူး၏ စီမံကြီးကြပ် ဦးဆောင်မတည်မှုဖြင့် လှိုင်သာယာ မြို့နယ် မီးသတ်ဦးစီးဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိုခါမုန်တိုင်း လေဘေးသင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေးနေသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်း လေဘေးသင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးနေသည့် ရန်ကုန်တိုင်းဒေသကြီး စမ်း‌‌ချောင်းမြို့နယ်၊ လသာမြို့နယ်၊ လှိုင်မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအတွက် တိုင်း ဒေသကြီး မီးသတ်ဦးစီးမှူးနှင့် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူး အသီးသီးမှ စုပေါင်းထည့်ဝင်ထောက်ပံ့ငွေ များကို ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များက လက်ခံရယူခဲ့ပြီး တပ်ဖွဲ့ဝင်တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် တပ်ဖွဲ့ဝင်(၁၀)ဦးအတွက် ငွေကျပ်(၁၀)သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)