MNP ၊ ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို လေးမျက်နှာမြို့နယ် ချင်းလယ်ကျေးရွာအနီး၊ သစ်တောကြိုးဝိုင်း၊ အကွက်အမှတ်(၂၆)အတွင်း မြေနေရာ၌ သစ်ပင် သစ်တောများ စိမ်းလန်း စိုပြေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ် ထိန်းသိမ်းနိုင်ရန်၊ သစ်ပင်သစ်တောများမှ ရာသီဥတုအပူဒဏ်ကို ကာကွယ်ပေးနိုင်သည့် တန်ဖိုးကို နားလည် ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
လေးမျက်နှာမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သစ်ပင်သစ်တောများ ထိန်းသိမ်းခြင်း၊ သစ်တော စိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ၍ ဒေသအပူချိန် လျှော့ချနိုင်စေရန်နှင့် ဂေဟစနစ်ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်ပြီး သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်းမှ ကာကွယ်နိုင် စေရန်အတွက် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်း ဖြေရှင်းဆောင်ရွက်စို့ ဆောင်ပုဒ်နှင့်အညီ နှစ်စဉ်သစ်ပင်ပျိုးပင်များ စိုက်ပျိုးထိန်းသိမ်းလျက်ရှိရာ ကျွန်း(၁၂၅၀)ပင်၊ မန်ဂျန်ရှား(၂၅၀)ပင် စိုက်ပျိုးခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲရင့်နောင်၊ အတွင်းရေးမှူး ရဲမှူး တင့်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူရစိုး၊ မြို့နယ်သစ်တောဦးစီး ဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် မြို့နယ်သစ်တောဦးစီးအရာရှိ ဦးသန်းနိုင်-၄ နှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၅၀)ဦးတို့မှ ပူးပေါင်းပါဝင်စိုက်ပျိုး ခဲ့ကြကြောင်း သိရသည်။
ကျော်ဟိန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment