MNP ၊ ဇွန် ၅
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီအကြိုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ကမမောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၇ နာရီအချိန်ခန့်က ကျင်းပခဲ့သည်။
အဆိုပါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီအကြိုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတွင် အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့အုပ်ချုပ်ရေးမှူး၊ မြို့သစ်တောဦးစီးမှူး၊ ခရိုင်/မြို့နယ်/မြို့အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ကျွန်း၊ မဟော်ဂနီနှင့် မန်ဂျန်ရှား စုစုပေါင်းပျိုးပင်(၁၀၀)ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် စိုက်ပျိုးခဲ့ကြောင်းသိရသည်။
သန့်ဇင်
https://t.me/MyanmarNationalPost
No comments:
Post a Comment